ရွှေနိုင်ငံ - စိန်ရွှေရတနာဆိုင်နှင့် ရွှေပန်းထိမ်၏သမိုင်းကြောင်း
စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့တွင် တည်ရှိပြီး(၁၉၈၄)ခုနှစ်မတ်လမှ လုပ်ငန်းစတင်လည်ပတ်ခဲ့ပြီး နှစ်ပေါင်း(၃၇)နှစ် သက်တမ်းရှိသည့် မိသားစုလုပ်ငန်းဖြစ်ပါသည်။မြန်မာလက်မှုပညာပန်းဆယ်မျိုးတွင်တစ်မျိုး အပါအဝင်ဖြစ်သည့် ပန်းထိမ်လုပ်ငန်းအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး(၁၉၉၅)ခုနှစ်တွင် ကိုယ်ပိုင်ဒီဇိုင်းနှင့်ရွှေထည်ပစ္စည်းများကို ထုတ်လုပ်ရောင်းချသည့် ရွှေဆိုင်လုပ်ငန်းအဖြစ် တိုးချဲ့လုပ်ကိုင်ခဲ့ပါသည်။လုပ်ငန်းသက်တမ်းတလျှောက် ရွှေအရည်အသွေး ဈေးနှုန်း အလျော့တွက်လက်ခ မှန်ကန်စွာဖြင့် ရိုးသားဖော်ရွေသော ဝန်ဆောင်မှုတို့ကြောင့် ယခုအချိန်တွင် 'သက်တမ်းရှည်ကြာခိုင်မာမှန်ကန်ရွှေနိုင်ငံ' ဟု နာမည်ကောင်းအခိုင်အမာရရှိထားသော ရွှေလုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပါသည်။
© Shwe Naing Ngan 2021-2025 - All Rights Reserved